วันอังคารที่ 23 สิงหาคม พ.ศ. 2559

ကူညီတယ်ဆိုတာ

သူငယ်ချင်းတစ်ဖက်သားကို ကူညီတယ်ဆိုတာ မျော်လင့်ချက်ထားပြီးမကူညီရဘူး မျော်လင့်ချက်ထားပြီးကူညီတဲ့ပုဂ္ဂိုလ်တွေဟာ ကိုယ့်အလှည့်ကြရင် အတ္တတွေဝင်လာတတ်တယ် ငါ့တုန်းက ငါ့အလှည့်တုန်း ငါက ဘယ်သူ့ကို ဘယ်နေရာမှာ ဘယ်လိုကူညီခဲ့တာ ငါ့အလှည့်ကြတော့ ငါ့ကိုဘယ်သူမှကူညီဖော်မရဘူး ဆိုပြီးသိမ်ငယ်သွားတတ်တယ် သိမ်ငယ်တာကနေတစ်ဆင့်တတ်တော့ နာကြီးတာတွေ ခံပြင်းတာတွေဝင်လာတတ်တယ် ကိုယ်ဒုက္ခဖြစ်နေတာကို ဘယ်လိုဖြေရှင်းရင်ကောင်းမလဲဆိုတာ မစဉ်းစားဖြစ်တော့ဘူး ကိုယ့်ကိုမကူညီတဲ့သူတွေကို စိတ်ထဲမှာနှိုင်းရှင်ပြီးတော့အတွေးနယ်ချဲ့တတ်တယ် ဒီလိုအတွေးနယ်ချဲ့တဲ့အခါမှာ အမှားသို့မဟုတ် မဖြစ်သင့်တာတွေလုပ်မိတတ်တယ် ဒီတော့ တစ်ဖက်သားကိုကူညီတဲ့အခါမှာ မျော်လင့်ချက်ထားပြီးမကူညီရဘူး ဆိုရိုးတောင်ရှိပါတယ် စေတနာဟာ လူတိုင်းနဲ့မတန်ဘူးဆိုတာလေ အဲ့ဒါကိုပြန်ပြောင်းပြီးစဉ်စားကြည့်လိုက်မယ် ငါဟာလူတိုင်းနဲ့တန်တဲ့စေတနာမျိုးငါ့မှာရှိပြီလားလို့တွေးကြည့်လိုက် လူတိုင်းနဲ့တန်တဲ့စေတနာမျိုးမထားတတ်တဲ့အခါ စေတနာဟာလူတိုင်းနဲ့မတန်ဘူးလို့ထင်သွားတတ်တယ် ဒါဟာမကောင်း နာလည်တတ်ပါစေ.....

ဗုဒ္ဓသားတော်(စိုးမင်းသူ)

ไม่มีความคิดเห็น:

แสดงความคิดเห็น