วันอาทิตย์ที่ 11 กันยายน พ.ศ. 2559

လောကီ၊ လောကုတ် နှစ်ဖြာချမ်းသာကြီးပွါးကြောင်းတရားများ

“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”

ကောင်းတာကျင့်တော့ ကောင်းကျိုးရ၊ မကောင်းတာကျင့်တော့ ဆိုးကျိုးရတယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေ အားလုံး လက်ခံယုံကြည်ကြတဲ့ ကံနဲ့ကံအကျိုးအပေါ် သက်ဝင်ယုံကြည်တတ်ကြခြင်း ကမ္မဿကတာ သမ္မာဒိဋ္ဌိအမြင်ပါပဲ။ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်း သာတွေ ခံစားချင်ကြလို့ ကောင်းမှုတွေ အားထုတ်နေတာမျိုးဆိုရင်လည်း ကိုယ့်ခန္ဓာ ကိုယ်ရောင်းစားနေသလို ဖြစ်နေမယ်။ အကျိုးတရားကို ဉာဏ်နဲ့သိပြီး ဒီဘ၀တွေရနေလျှင် ဒီဒုက္ခတွေက လွတ်မှာမဟုတ်၊ ကြုံပြီးရင်းကြုံ၊ ဆုံပြီးရင်းဆုံကြရကာ ဟိုဘ၀နဲ့ သွားပြီးဒုက္ခခံလိုက်၊ ဒီဘ၀နဲ့နေပြီး ဒုက္ခခံလိုက်နဲ့ ဒုက္ခနယ်ထဲက မလွတ်တမ်းနေခဲ့ကြတဲ့ သံသရာဝဲရဟတ်ကြီးက လွတ်မြောက်နိုင်ရန်အလို့ငှါ၊ ဒုက္ခအပေါင်းက ကင်းလွတ်ရာ အမှန်ဖြစ်တဲ့ နိဗ္ဗာန်ရရှိရန်အလို့ငှါ အားထုတ်မှသာလျှင် ဉာဏ်ပါတာကြောင့် ပါရမီဖြည့်ဆည်းခြင်း ဖြစ်နိုင်ပါတယ်။

ဘုရားလက်ထက်က ပုဏ္ဏားတစ်ဦးက မေးလျှောက်လို့ ဘုရားရှင်ဖြေကြားတော်မူတဲ့တရားကို ထေရ၀ါဒ ဗုဒ္ဓဘာသာလူငယ်များရဲ့ အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်(ITBMU)တွင် ပရိယတ္တိ စာပေများသင်ယူနေကြသည့် စာသင်သားရဟန်းတော်များအား (၂၂)ကြိမ်မြောက်လစဉ်အလှူတော်၌ စာသင်သား ရဟန်းတော်ဟောကြားချီးမြှင့်လိုက်တဲ့တရားကို ဓမ္မဒါနရေးသားလိုက်ပါတယ်။ လောကီ အတွက်ရော လောကုတ္တရာအတွက်ရော ချမ်းသားကြီးပွါးကြောင်းတရားများက ဘယ်လိုတရားမျိုးတွေပါလဲ မေးလျှောက်တဲ့ အခါမှာ ဘုရားရှင်က လောကီအတွက် ချမ်းသားကြီးပွါးကြောင်းတရားက ၄ ပါး၊ လောကုတ္တရာအတွက် ချမ်းသာကြီးပွါးကြောင်းတရားက ၄ ပါးရှိကြောင်း ဝေဖန်ပိုင်း ခြား၍ ဖြေကြားတော်မူပါတယ်။

လောကီချမ်းသာကြီးပွါးကြောင်းတရား ၄ ပါး
၁) ဥဋ္ဌာနသမ္ပဒါ(ထကြွလုံ့လရှိခြင်း)။ ။“မကြိုးစားဘဲ အပျင်းထူ၊ ဆုပဲတောင်းနေသူ၊ ကယ်မည့်သူ ဘယ်မရှိ၊ သေချာဒုက္ခ ရောက်မည်သိ”ဆိုတဲ့ ကဗျာစာသားလေးအတိုင်းပါပဲ။ ကြိုးစားအားထုတ်မှု လုံ့လမရှိလျှင်တော့ သူ့အတွက် အောင်မြင်မှု၊ ကြီးပွါးတိုးတက် မှုဆိုတာ ဘယ်တော့မှ ရောက်လာမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ချမ်းသာကြီးပွါးချင်ရင် လုံ့လရှိရမယ်၊ ကြိုးစားအားထုတ်မှုရှိရပါမယ်။ ဒါမှ တိုးတက်အောင်မြင်မှာ သေချာပါတယ်။

၂) အာရက္ခသမ္ပဒါ(လုံ့လ၀ီရိယကြောင့်ရရှိသော စည်းစိမ်ဥစ္စာများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်တတ်ခြင်း)။ ။ စီးပွါးဥစ္စာ တွေတော့ ရှာထားတယ်၊ ပြည့်စုံကြွယ်ဝလာတယ်။ ဒါနဲ့တင် မပြည့်စုံသေးပြန်ပါဘူး။ “ရေ၊ မီး၊ မင်း၊ ခိုးသူ၊ အမွေခံ သားဆိုး သမီးဆိုး”ဆိုတဲ့ ရန်သူမျိုးငါးပါးက အချိန်မရွေး ဖျက်ဆီးပစ် နိုင်တာကြောင့် ဘယ်လိုမျိုး စောင့်ရှောက်ထိန်းသိမ်းထားလျှင် လွတ်နိုင်မလဲ၊ ကာကွယ်ပြီးသားဖြစ်မလဲဆိုတာကိုလည်း တတ်ကျွမ်းနားလည် နေရမယ်။ ဆောင်ရွက်တတ်ရပါ့မယ်။ ဒါမှ ရထားတဲ့ စည်းစိမ်ဥစ္စာတွေက ယုတ်လျော့မသွားဘဲ ကြာရှည်စွာတည်တံ့နိုင်မှာပဲဖြစ်တယ်။ ရ,ထား သမျှ အကျိုးမရှိ ကိုယ်ကိုယ်တိုင် သုံးဖြုန်းပစ်နေလျှင်လည်း ရရှိထားသမျှ ဥစ္စာတွေဖျက်ဆီးပစ်ဖို့ ကိုယ်ကိုယ်တိုင် ရန်သူလည်း ဖြစ်နေတတ်ပါတယ်။ အပျော်အပါး၊ အသောက်အစား၊ အမော်အကြွားတွေ၊ အလောင်း ကစားတွေလုပ်မိလျှင် တဖြည်းဖြည်းလုံးပါးပါးပြီး နောက်ဆုံး မွဲပြာကျ ဆင်းရဲသွားသူတွေ(အထည်ကြီးပျက်တွေ) ဖြစ်သွားနိုင်တယ် ဆိုတာ အမြဲသတိရှိကြရပါမယ်။

၃)ကလျာဏမိတ္တသမ္ပဒါ(မိတ်ဆွေကောင်းများနှင့်ပေါင်းဖော်ခြင်း)။ ။ မိတ်ကောင်းဆွေကောင်းကို မပေါင်းသင်းမိဘဲ မိတ်ဆွေယုတ်များ နဲ့ ပေါင်းသင်းမိလျှင် တစ်ချိန်ချိန် မိမိကို ဒုက္ခပေးမှာ အသေအချာပါပဲ။ မိတ်ဆွေကောင်းဆိုတာက အချိန်တိုင်းမှာ ကိုယ့်အပေါ် ကောင်းအောင်ပဲ အကြံပြုတယ်၊ ကိုယ့်အကျိုးစီးပွါးတိုးတက်တာကို မနာလိုမဖြစ်တတ်ဘူး။ ကိုယ့်ဥစ္စာစည်းစိမ်းတွေကို စောင့်ရှောက်ပေးဖို့လိုက စောင့်ရှောက်ပေး တတ်တယ်။ မိတ်ဆွေယုတ်ကျတော့ အဲလို မဟုတ်ဘူး။ ကိုယ့်ကိုခင်လို့ပေါင်းတာမျိုးမဟုတ်၊ ကိုယ့်ဆီက ဘာရမလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ လာပေါင်းသင်းတာမျိုးဆိုတော့ မရရအောင် တစ်နည်းနည်းနဲ့ အကွက်ဆင်နေမယ်။ အလိုမကျရင် ကိုယ့်ကို ချောက်ချမယ်။ စည်းစိမ်ပျက် အောင်လုပ်မယ်။ ရှေ့တစ်မျိုး ကွယ်ယာတစ်မျိုး ဟန်ဆောင်မှုတွေနဲ့ ပေါင်းသင်းမယ်။ အကြံဉာဏ်ဆိုးတွေဟာ မိတ်ဆွေယုတ်ဆီမှာ အစဉ် ရှိနေတယ်။ ဒါကြောင့် မိတ်ဆွေကောင်းရဲ့တန်ဘိုးဟာ အလွန်ကြီးမြတ်လှပါတယ်။

၎) သမဇီဝိတသမ္ပဒါ(ဥစ္စာအင်အားနှင့်တိုင်းထွာ၍ ညီမျှစွာအသက်မွေးခြင်း)။ ။ ရတာက တစ်ပဲ၊ သုံးတာက တစ်ပိဿာ ဆိုရင်တော့ အကြွေးက နောက်ဘ၀ထိတောင် ဆပ်လို့ မကျေနိုင်ဖြစ်နေမယ်။ ရတာကနည်းနည်း စားချင်တာကများများ၊ သုံးချင်တာက သူ့ထက်တော့ အောက်မကျချင်ဖြစ်နေတော့ ရတာနဲ့ သုံးတာ မမျှတဲ့အတွက် ဘယ်လိုမှ စီးပွါးဥစ္စာက စုနိုင်မှာမဟုတ်ဘူး။ “ချွေတာစုဆောင်း သူဌေးလောင်း” ဆိုတဲ့အတိုင်း ကိုယ့်ဝင်ငွေနဲ့ထွက်ငွေ နှိုင်းနှိုင်းချိန်ချိန်နဲ့ သုံးစွဲရမယ်။ ပြီးတော့ အသုံးနဲ့အဖြုန်း ကွဲကွဲပြားပြား နားလည်ကြရပါမယ်။ ၀င်ငွေ ထွက်ငွေကို သေချာစိစစ်တွက်ချက်ပြီး ရတာလေးနဲ့ ၀အောင်စား၊ ရတာလေးနဲ့ လှအောင်ဝတ် ဆိုတဲ့အတိုင်း မျှမျှတတဖြစ်အောင် အသုံးပြု တတ်မှ ဥစ္စာစီးပွါးတွေဟာ လိုတာထက်ပိုအကုန်တဲ့အတွက်၊ ဖြုန်းတဲ့သဘော မဖြစ်တော့တဲ့အတွက် တစ်နေ့တစ်ခြား ဒီရေအလားကဲ့သို့ တိုးပွါး စည်ပင်နေမှာပဲ ဖြစ်ပါတယ်။

လောကုတ္တရာချမ်းသာကြီးပွါးကြောင်းတရား ၄ ပါး
၁) သဒ္ဓါသမ္ပဒါ(ရတနာသုံးပါးဂုဏ်နှင့် ကံ,ကံ၏အကျိုးကို ယုံကြည်ခြင်း)။ ။လောကမှာ အမြတ်ဆုံးဖြစ်တဲ့ ရတနာတို့သည် ဘုရား၊ တရား၊ သံဃာတို့ဖြစ်ကြတယ်။ ရတနာသုံးပါးဂုဏ်တွေက ဘာတွေလဲ၊ ထိုဂုဏ်တော်တို့ ရှိတော်မူကြတဲ့အတွက် ကိုးကွယ်ထိုက်တယ်၊ အလေးအမြတ်ပြုအပ်တယ်၊ သံသရာဝဲဒုက္ခမှလွတ်အောင် လမ်းပြတော်မူကြတဲ့ ရတနာမြတ်သုံးပါးတို့ဟာ လောကီရတနာမျိုးစုံတို့ထက် သာလွန်မြင့်မြတ်တော်မူတယ် စသဖြင့် ယုံကြည်မှု သဒ္ဓါသမ္ပဒါ ရှိကြရမယ်။ ရတနာမြတ်သုံးပါး ဂုဏ်တော်တွေကို ယုံကြည်မှ ဘုရားရှင် အဆုံး အမတွေကို လိုက်နာနိုင်မယ်။ တရားတော်ကို သက်ဝင်ယုံကြည်မှ တရားအဆုံးအမစာပေတွေကို အလေးဂရုပြုပြီး ကျင့်ကြံပွါးများအားထုတ်နိုင်မယ်။ ဘုရားသားတော်ရဟန်းသံဃာတော် အရှင်သူမြတ်တွေဟာ လည်း ဘုရားရှင်တော်ကိုစား လက်ဆင့်ကမ်းဆုံးမတော်မူကြတယ်၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့မြင့်မြတ်တဲ့အတွက် လောကရဲ့ သစ္စာတရားတွေကို ဟောပြောဆုံးမတော်မူနိုင်ကြတယ် စသဖြင့် ကြည်ညိုသဒ္ဓါတရားရှိမှ မိမိတို့အနေနဲ့ အိုဘေး၊ နာဘေး၊ သေဘေးဆိုတဲ့ အကြီးဆုံးဘေးတွေက လွတ်မြောက်နိုင်မှာပဲဖြစ်တယ်။ “သဒ္ဓါတရားက လက်နဲ့တူတယ်”လို့ ဘုရားရှင်က ဥပမာဆောင်ပြပါတယ်။ လက်မပါတဲ့သူတွေဟာ ကိုယ့်ရှေ့မှာ ရွှေငွေဥစ္စာရတနာတွေကို တွေ့နေသော်လည်း ကောက်မယူနိုင်၊ သယ်မသွားနိုင်သလိုဘဲ ရတနာမြတ်သုံးပါးအပေါ်မှာ သဒ္ဓါတရားနဲ့ မပြည့်စုံတော့ အဆုံးအမတွေကို မလိုက်နာနိုင်၊ သံသရာမှ မလွတ်မြောက်နိုင်ဘဲ သံသရာထဲမှာ အဖန်ဖန်ကျင်လည်နေကြရတယ်။ သာသနာတော်နဲ့ ကြုံသော်လည်း သာသနာတော်ကိုမကြိုက်တဲ့ အတွက် သာသနာတော်အဆုံးအမအတိုင်း ဘယ်လိုမှ နေနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် သံသရာက လွတ်မြောက်ဖို့ ဝေးနေပါတယ်။ ဒါကြောင့် သံသရာမှလွတ်မြောက်အောင်၊ မလွတ်မြောက်သေးခင်ကြားကာလမှာလည်း ချမ်းသာကြီးပွါးနိုင်ဖို့ရန်အတွက် သဒ္ဓါသမ္ပတ္တိ ဖြစ်နေရပါမယ်။

၂) သီလသမ္ပဒါ(လူတို့စောင့်ရှောက်ကျင့်သုံးသော ငါးပါးသီလနှင့်ပြည့်စုံခြင်း)။ ။ သီလနဲ့မပြည့်စုံလျှင် ခြေမပါတဲ့သူနဲ့တူတယ်။ ခရီးမတွင် နိုင်ဘူး။ သံသရာအဆုံးဖြစ်တဲ့နိဗ္ဗာန်ကို ဘယ်လိုမှမရောက်နိုင်ဘူးဆိုတာ သိထားရပါမယ်။ သီလဆိုတာက ကိုယ်က ကျင့်မှ ရနိုင်တဲ့ တရားဖြစ် တဲ့အတွက် တခြားသူတွေဆီက တောင်းယူလို့လည်းမရ၊ ငှါးသုံးလို့လည်းမရ၊ ခိုးယူလို့လည်းမရနိုင်ဘူး။ တခြားသူကို အငှါးစောင့်ခိုင်းလို့လည်း မရနိုင်ဘူးလေ။ သီလနဲ့မပြည့်စုံတော့ ဘယ်လေက်ပဲချမ်းသာကြွယ်ဝနေသူဖြစ်ပါစေ ပညာရှိတို့ မချီးမွမ်းဘူး။ ရနံ့ကင်းနေတဲ့ ပေါက်ပွင့်နဲ့တူနေ တယ်။ ပါဏာတိပါတကံကို မစောင့်ထိန်းခဲ့တော့ သက်တမ်းစေ့မနေရဘူး။ ကိုယ်လက်အင်္ဂါမစုံလင်ဘဲဖြစ်ကြရတယ်။ ဥပဓိရုပ်လည်း မတင့်တယ်တာကြောင့် လူတောမတိုးနိုင်ဘဲ ရှိနေတတ်တယ်။ အဒိန္နာဒါန (သူ့ဥစ္စာခိုးခြင်း)ကံတွေကို မစောင့်ထိန်းခဲ့တော့ ဘ၀တိုင်း ဆင်းရဲနုံချာ တဲ့ဘ၀ကို ရရှိရတယ်။ သူတစ်ပါးတွေလို ကောင်းကောင်းမစားနိုင်၊ ကောင်းကောင်းမ၀တ်နိုင်၊ ကောင်းကောင်း မသုံးနိုင်တော့ဘူး။ စည်းစိမ်ဥစ္စာ နဲ့ ကြွယ်ဝတဲ့မိဘတွေဆီမှာ လူလာဖြစ်လာသော်လည်း မီးဘေးနဲ့ကြုံလို့ ကိုယ်မွေးလာမှ မိဘတွေ ဆင်းရဲ့သားဘ၀ ပြန်ရောက်ရတယ်။ ကိုယ် ကိုယ်တိုင်ရှာဖွေစုဆောင်းနိုင်လို့ ချမ်းသာကြွယ်ဝလာသော်လည်း အတိတ်ကံက မကောင်းခဲ့တဲ့အတွက် ရန်သူမျိုးငါးပါးကြောင့် ပြန်ဆုံးရှုံးသွား ရတာမျိုးတွေ ကြုံတွေ့ရတတ်တယ်။ ကာမေသုမိစ္ဆာစာရ(သူတစ်ပါးအိမ်ယာပြစ်မှားခြင်း)ကံတွေ ကျူးလွန်ခဲ့မိ တော့ မိန်းမမဟုတ်၊ ယောက်ျား မဟုတ်တဲ့အဖြစ်တွေကိုရကြတယ်။ မိန်းမဘ၀တွေကိုသာ အကြိမ်ကြိမ် ရရှိကြရတယ်။ လင်ကောင်းသားကောင်းမရနိုင်ဘဲ “လင်းဆိုးမယား တဖားဖား”ဆိုသလို ဒုက္ခပင်လယ်ဝေရ တတ်တယ်။ မုသာဝါဒ(လိမ်ညာလှည့်ဖြားခြင်း)ကံတွေကို ကျူးလွန်ခဲ့မိတော့ စကားမပီသ၊ သွားကမညီ၊ လူကြားထဲကျတော့ သိက္ခာရှိရှိမနေနိုင်၊ အသားအရေတွေက ခြောက်ခြောက်ကပ်ကပ်ဖြစ်ရတတ်တယ်။ သုရာမေရယ(သေရည်သေရက်၊ မူးယစ်ဆေးဝါသုံးခြင်း)ကဲတွေကို ကျူးလွန်ခဲ့တော့ အရူးဘ၀၊ ကျပ်မပြည့်တဲ့အဖြစ်၊ စိတ်မငြိမ်ဘဲ ဂယောက်ဂယက်ဖြစ်နေတဲ့ လူ့အဖြစ်တွေကို ရကြရတယ်။ တချို့အရက်သောက်လွန်းသူတွေ စိတ်ဂယောင်ချောက်ချားဖြစ်တာတွေ တွေ့မြင်ကြပါမယ်။ ဒါကြောင့် သံသရာမှာလည်း ဆင်းရဲ၊ နိဗ္ဗာန်နဲ့လည်း ဝေးသထက်ဝေးနေတာမျိုးတွေ မဖြစ်ရအောင် သီလနဲ့ပြည့်စုံအောင် ကျင့်ကြံရမှာပဲဖြစ်တယ်။ ဒါမှ သံသရာမှာလည်း ချမ်းသာကြီးပွါးမယ်၊ နိဗ္ဗာန်ကိုလည်း မျက်မှောင်ပြုနိုင်မှာ ဖြစ်ပါတယ်။

၃) စာဂသမ္ပဒါ(သူတစ်ပါးတို့ကို ပေးကမ်းစွန့်ကြဲခြင်း)။ ။ “ဆုပ်လျှင်ယုတ်၊ ဖြန့်လျှင်မြတ်”ဆိုသလိုပဲ မိမိမှာရှိထားသမျှ စည်းစိမ်ဥစ္စာ တွေကို မပေးရက်၊ မကမ်းရက် ဆုပ်ကိုင်ထားလျှင် သံသရာမှာ ဆင်းရဲကြောင်းလည်းဖြစ်၊ နိဗ္ဗာန်နဲ့မနီးနိုင်တော့ဘူး။ စွန့်ကြဲပေးကမ်းတာဟာ တစ်နည်းအားဖြင့် လောဘကိုသတ်တာပါပဲ။ ဥစ္စာပစ္စည်းတွေအပေါ်မှာ ခင်တွယ်နေတဲ့ တဏှာလောဘတွေမစွန့်နိုင်လျှင်၊ ဒီဥစ္စာပစ္စည်းတွေကို ခင်တွယ်နေလျှင် “လောဘနဲ့သေ ပြိတ္တာပြည်၊ မသွေရောက်တတ်တယ်”ဆိုတဲ့အတိုင်း သေခါနီးမှာ ဥစ္စာပစ္စည်းတွေခင်တွယ်ပြီးသေလို့ ဘေးနားမှာ ပြိတ္တာသွားဖြစ်တာ၊ ဥစ္စာစောင့်ဘ၀တွေ သွားဖြစ်တဲ့အကြောင်းတွေ ဗုဒ္ဓဘာသာအဆုံးအမစကားတွေကို နာကြားမှတ်သား ဖူးကြပါမယ်။ “တစ်စတစ်စ၊ စွန့်ဝံ့မှလျှင်၊ ဘ၀နောက်နှောင်း၊ ဆက်တိုင်းကောင်း၏”ဆိုတဲ့ အဆုံးအမအတိုင်း ရှာထားတဲ့ဥစ္စာတွေအပေါ်မှာ သူတစ်ပါးတို့ကိုလည်းပေးကမ်းစွန့်ကြဲနိုင်ရပါမယ်။ ဒါမှ သံသရာမှာကျင်လည်နေရဦးမယ်ဆိုလျှင် ချမ်းချမ်းသာသာနေရမယ်။ တစ်ဆင့်ထက် တစ်ဆင့် မြင့်သည်ထက်မြင့်နိုင်ပါတယ်။ ဘုရားအလောင်းတော် သုမေဓာရသေ့ဘ၀ ကုဋေ ၁၆၀ ကို နှစ်ဖက်မိဘဘိုးဘွားများက တစ်ဖက် ကုဋေ ၈၀ စီ အမွေတွေ ထားရစ်ခဲ့တယ်။ ဘုရားအလောင်းတော်က စဉ်းစားပါတယ်။ “အဘိုးအဘွား၊ အဖေအမေတွေဟာ ဥစ္စာပစ္စည်းတွေကို ရှာဖွေစုဆောင်းတာကိုသာ လုပ်နိုင်ကြတယ်။ ကိုယ့်နောက်ပါအောင်တော့ မလုပ်နိုင်ကြဘူး။ ငါကတော့ ကိုယ့်နောက်ပါအောင် သယ်ဆောင်သွားမယ်”လို့ တွေးတောပါတယ်။ လိုချင်တာလာရောက်ယူနိုင်ကြောင်း တိုင်းသူပြည်သားအားလုံးကို မောင်းတီးပြီးကြေငြာပါတယ်။ ပေးလို့မကုန်နိုင်တာကြောင့် ယူချင်တဲ့သူယူကြ စေဆိုပြီး ဥစ္စာပစ္စည်းအားလုံးကိုထားခဲ့ကာ ရသေ့ဘောင် အမြန်ဝင်ရောက်ခဲ့ကာ အဲဒီဘ၀မှာ ဘုရားဖြစ်ရန် ဗျာဒိတ်ရရှိခဲ့ပါတယ်။ ပါရမီ ၁၀ ပါးမှာ စာဂ-စွန့်ကြဲပေးကမ်းခြင်းနဲ့ စတင်ဖြည့်ခဲ့ပါတယ်။ သံသရာဘ၀တွေမှာ ဥစ္စာကြွယ်ဝရတာ၊ ချမ်းချမ်းသာသာနေရတာ၊ မရှိဆိုတဲ့စကား မကြားရတဲ့ဘ၀တွေရရှိတာတွေဟာ စာဂသမ္ပဒါနဲ့ ပြည့်စုံမှသာ ရရှိနိုင်တဲ့အကျိုး တရားတွေပဲဖြစ်တယ်။ နောက်ဆုံး နိဗ္ဗာန်အထိ ချမ်းချမ်းသာသာ ပေးဆောင်နိုင် ပါတယ်။

၎) ပညာသမ္ပဒါ(အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်သောအသိပညာနှင့်ပြည့်စုံခြင်း)။ ။ပညာဆိုတာ အမှောင်ထဲမှာ အလင်းရောင်ထွန်းပြီး မမြင်နိုင်တာတွေကို မြင်ရသလို၊ နေမင်းရဲ့အလင်းရောင်ဟာ ကမ္ဘာလောကတစ်ခုလုံးကို ထွန်းလင်းတောက်ပနေသလို၊ မှောက်ထား တဲ့အရာတစ်ခုကို လှန်ပြလိုက်တဲ့အခါ ဘာလဲဆိုတာကို သိမြင်ပြီး သံသယတွေကင်းပျောက်သွားသလို ပညာဟာလည်း အမှားကို အမှားမှန်း သိသွားတဲ့အခါ၊ ယုံမှားသံသယစိတ်အညစ်အကြေးတွေ ကင်းစင်လွင့်ပျောက်ပြီး စိတ်တွေ ကြည်လင်မှု ရရှိသွားတယ်။ နှောင်ဖွဲ့တတ်တဲ့ တရားတွေကို အာရုံကိုအာရုံမှန်းသိတာကြောင့် ငြိတွယ်မှုမရှိဘဲ တဏှာကင်းတဲ့စိတ်၊ လွတ်မြောက်တဲ့စိတ်ဖြစ်စေတာလည်း ပညာပဲဖြစ်တယ်။ မဖောက်မပြန် မှန်မှန်ကန်ကန်နဲ့ သစ္စာလေးပါးကို ထိုးထွင်းသိမြင်လိုက်ပြီဆိုရင်တော့ သံသရာမှလွတ်မြောက်တဲ့ ပညာဉာဏ်နဲ့ပြည့်စုံသွားပါပြီ။ အမှားလား၊ အမှန်လားဆိုတာကို ခွဲခြားတတ်တဲ့ပညာမရှိရင် အမှားကိုလည်း အမှန်ထင်၊ အမှန်တရားကိုလည်း အမှားလို့ မြင်နေတတ်တဲ့ အတွက် မှားပြီးရင်းမှားကာ အ၀ိဇ္ဇာအမှောင်ဖုံးပြီး တဏှာကြောင့် ဘ၀ဒုက္ခတွေ အကြိမ်ကြိမ် အဖန်တလဲလဲကူးပြောင်းနေပြီး ခန္ဓာပြောင်း သေနေရတော့တာပါပဲ။ ဒါကြောင့်မို့ ပညာဉာဏ်နဲ့ပြည့်စုံမှ အမှားကင်းပြီး အလင်းပေါ်နိုင်မှာပဲဖြစ်တယ်။ ပညာထက်မြတ်သောတရား မရှိဘူး။ ပညာဟာ တရားအားလုံးရဲ့ အထွတ်အမြတ်တရား၊ တဏှာပိုက်ကွန်ကို ဖြတ်တောက်နိုင်တဲ့တရား၊ ဒုက္ခအပေါင်းမှ လွတ်မြောက်စေတဲ့တရား၊ တဏှာအားလုံး ပြိုကျအောင် ဖြိုခွင်းနိုင်တဲ့အတွက် ဒုက္ခအဆုံးနိဗ္ဗာန်ကို ရောက်စေလို့ ပညာထက်မြတ်တဲ့တရား မရှိတော့ဘူး။

တရားချစ်ခင်သူတော်စင်များအားလုံး လောကီ၊ လောကုတ် နှစ်ဖြာချမ်းသာကြီးပွါးကြောင်းတရားတို့ကို ကြိုးစားအားထုတ်ပြီး နိဗ္ဗာန်သို့ လျှင်မြန်စောစွာ မျက်မှောက်ပြုနိုင်ကြပါစေ။
(ဣဒံ မေ ပုညံ၊ အသ၀က္ခယံ ၀ဟံ ဟောတု။)

ထွန်းထွန်းလှိုင်ရေးသားပူဇော်သည်။ ကျွန်တော်copyယူ၍မျှဝေသည်။

ဗုဒ္ဓသားတော်(စိုးမင်းသူ)

วันพุธที่ 7 กันยายน พ.ศ. 2559

မေတ္တာသုတ်လာ မေတ္တာ ဘာဝနာပွားနည်း (၁၁)နည်း။

၁။ လုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၂။ ကြောက်တတ်မကြောက်တတ် နှစ်ရပ်များစွာ သတ္တဝါ -ချမ်းသာ ကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၃။ မြင်အပ် မမြင်အပ်နှစ်ရပ်များစွာ သတ္တဝါ-
ချမ်းသာ ကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၎။ ဝေးနေနီးနေ နှစ်ထွေများစွာ သတ္တဝါ-
ချမ်းသာ ကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၅။ ဘဝ ဇာတ်ဆုံး မဆုံးများစွာ သတ္တဝါ-
ချမ်းသာ ကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၆။ ရှည်တိုအလတ် သုံးရပ်ခန္ဓာ သတ္တဝါ-
ချမ်းသာ ကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၇။ ကြီး ငယ် အလတ် သုံးရပ်ခန္ဒာသတ္တဝါ-
ချမ်းသာ ကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၈။ဆူ ကြုံ အလတ် သုံးရပ် ခန္ဓာသတ္တဝါ-
ချမ်းသာ ကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၉။လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
၁၀။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၁၁။ဆင်းရဲလိုခြင်းအချင်းချင်း ကင်းရှင်းကြပါစေ။

နေ့စဉ် ဘုရားရှိခိုးပြီးတိုင်း နှင့် သီလဆောက်တည်ပြီးတိုင်း မေတ္တာဘာဝနာ ကို ပွားများနိုင်ပါသည်။
မင်းကွန်းဆြရာတော် ဘုရားကြီး၏ မေတ္တာပို့နည်းလေးပါ။

ဗုဒ္ဓသားတော်(စိုးမင်းသူ)




วันอังคารที่ 30 สิงหาคม พ.ศ. 2559



 ဘူမိစတုက္ကဘုံ(၄)



သတ္တဝါတို့၏ တည်ရာဌာနကို အပါယ်ဘုံ၊ ကာမသုဂတိဘုံ၊ ရူပါဝစရဘုံ၊ အရူပါဝစရဘုံ ဟူ၍ လေးမျိုး ခွဲခြား ပြ၏။
အပါယ်ဘုံ (၄)
ကုသိုလ်ကောင်းမှုတို့ကို ပြုခွင့် များစွာ မရ၊ အကုသိုလ်တို့သာ များပြားသော အရပ်ဌာန ဖြစ်၏။
ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူ၍ အပါယ် လေးဘုံ ရှိ၏။
ငရဲဘုံ
ချမ်းသာ မရှိသော အရပ်ဌာန ဖြစ်၏။
‘သဉ္ဇိုင်း’၊ ‘ကာလသုတ်’၊ ‘သင်္ဃာတ’၊ ‘ရောရုဝ’၊ ‘မဟာရောရုဝ’၊ ‘တာပန’၊ ‘မဟာတာပန’ ‘အ၀ီစိ’ ဟု ငရဲကြီး ရှစ်ထပ် ရှိ၏။
တစ်ထပ်စီ၏ အရပ်လေးမျက်နှာတွင် ဘင်ပုပ်ငရဲ၊ ပြာပူငရဲ၊ လက်ပံတောငရဲ၊
သန်လျက်ကဲ့သို့အရွက်ရှိသော သစ်ပင်တောငရဲ ဟူ၍ ငရဲငယ် လေးခုစီ၊
(ရှစ်ထပ်လုံးတွင် ၈x၄x၄=၁၂၈)
အခြားတစ်နည်း - တစ်ထပ်စီ၏ အရပ်လေးမျက်နှာတွင် ဘင်ပုပ်ငရဲ၊ ပြာပူငရဲ၊ လက်ပံတောငရဲ၊ သန်လျက်တောငရဲ၊
ကြိမ်ပိုက်ချောင်းငရဲ ဟူ၍ ငရဲငယ် ငါးခုစီ (ရှစ်ထပ်လုံးတွင် ၈x၄x၅=၁၆၀)
ရှိ၏။
ငရဲဘုံတွင်ရှိသော ယမမင်းများမှာ စာတုမဟာရာဇ်နတ်တို့တွင် အပါအဝင်ဖြစ်သော ဝေမာနိကပြိတ္တာမင်းများ ဖြစ်ကြပြီး၊ ငရဲထိန်းများမှာ
စာတုမဟာရာဇ်နတ်မျိုးအပါအဝင် နတ်ဘီလူး နတ်ရက္ခိုသ်များ ဖြစ်ကြ၏။ ကုသိုလ်မများ
အကုသိုလ်မကြီး ငရဲသို့ကျရောက်လာသူများကို ကယ်တင်ရန်အလို့ငှါ စစ်ဆေး
မေးမြန်းရ၏။
တိရစ္ဆာန်ဘုံ
အလျားလိုက်သွားတတ်သော သတ္တဝါများ နေထိုင်ရာ အရပ်ဖြစ်၏။ သီးခြား ဘုံဌာနဟု မရှိပေ။ သူတို့၏ ခန္ဓာကိုယ်သာလျှင် သူတို့၏ ဘုံဖြစ်၏။
ပြိတ္တာဘုံ
ချမ်းသာမှ ဝေးသော အရပ်သို့ ရောက်သော သတ္တဝါကို ပြိတ္တာဟု ခေါ်၏။ ဘုံဌာန သီးခြား မရှိ။
အသူရကာယ်ဘုံ
ပြိတ္တာမျိုးပင် ဖြစ်၏။ စားစရာ သောက်စရာ မရှိ၊ အမြဲတမ်း ဒုက္ခခံစားနေရသော သတ္တဝါများ ဖြစ်၏။ ဘုံဌာန သီးခြား မရှိ။
ဤအသူရကာယ်နှင့်မဆိုင်သော အခြား အသုရာ လေးမျိုး ရှိ၏။
(၁) မြင်းမိုရ်တောင်အောက်၌ နေသော တာဝတိံသာနတ်တို့၏ဆန့်ကျင်ဘက်နတ်များကိုလည်း အသုရာ ဟု ခေါ်၏။
(၂) ဘုမ္မစိုးနတ်ကြီးများကို မှီခို ကပ်ရပ်လျက် နေရသော နတ်ငယ်ကလေးများကိုလည်း အသုရာ ဟု ခေါ်၏။
(၃) တစ်ခါ တစ်ခါ နတ်ကဲ့သို့ စည်းစိမ်ခံစား၍ တစ်ခါ တစ်ခါ ပြိတ္တာကဲ့သို့ ဒုက္ခခံရသော ဝေမာနိကပြိတ္တာများကိုလည်း အသုရာ ဟု ခေါ်၏။
(၄) စကြာဝဠာကြီး သုံးခု၏ အစပ်အကြား၌ဖြစ်သော လောကန္တရိက်ငရဲသားများကိုလည်း ဗုဒ္ဓဝင်အဋ္ဌကထာ၌ အသုရာ ဟု သုံးနှုန်းထား၏။
ကာမသုဂတိဘုံ (၇)
ကာမတဏှာနှင့်တကွဖြစ်သော ကောင်းသောဘဝ အရပ်ဌာနများ ဖြစ်၏။
‘လူ့ဘုံ’ (မနုဿဘုံ)နှင့် ‘စတုမဟာရာဇ်’၊ ‘တာဝတိံသာ’၊ ‘ယာမာ’၊ ‘တုသိတာ’၊ ‘နိမ္မာန,ရတိ’၊
‘ပရနိမ္မိတဝသဝတ္တီ’ နတ်ပြည် ခြောက်ထပ်တို့ကို ကာမသုဂတိ ၇-ဘုံဟု ခေါ်၏။
မနုဿ = မကောင်းမှုလုပ်ငန်း၌ အနန္တရိယကံ (မိဘသတ်မှု စသည်) တိုင်အောင် ပြုနိုင်ကြ၍၊
ကောင်းမှုအရာဝယ် ဘုရားဖြစ်သည့်တိုင်အောင် စွမ်းနိုင်ကြသော
ထက်မြက်သောစိတ်ရှိသည့် သူ။
စာတုမဟာရာဇာ = ဓတရဋ္ဌ၊ ဝိရူဠက၊ ဝိရူပက္ခ၊ ကုဝေရ (ဝေဿဝဏ္ဏ ဟုလည်း ခေါ်၏) နတ်မင်းကြီး ၄-ယောက်
စာတုမဟာရာဇိက = နတ်မင်းကြီးး ၄-ယောက်၌ ဆည်းကပ် ခစားရသော လက်အောက်ခံနတ်များ
တာဝတိံသာ = သုံးဆယ့်သုံးယောက်သော အမျိုးသားတို့ဖြစ်ရာ ဌာန
ယာမာ = နတ်ချမ်းသာသို့ ကောင်းစွာရောက်သော နတ်များ၏ ဌာန
တုသိတာ = နှစ်သက်ရွှင်လန်းခြင်းသို့ရောက်သော နတ်များ၏ ဌာန
နိမ္မာနရတိ = ကိုယ်တိုင်ဖန်ဆင်းအပ်သော စည်းစိမ်၌ မွေ့လျော်သော နတ်များ၏ ဌာန
ပရနိမ္မိတဝသဝတ္တီ = သူတစ်ပါးတို့ ဖန်ဆင်းသော စည်းစိမ်၌ မွေ့လျော်သော နတ်များ၏ ဌာန
အပါယ် ၄-ဘုံနှင့် ကာမသုဂတိ ၇-ဘုံ = ပေါင်း ၁၁-ဘုံကို ကာမ ၁၁-ဘုံ ဟုလည်း ခေါ်၏။
ရူပါဝစရဘုံ (၁၆)
ပထမဈာန် ၃-ဘုံ
‘ဗြဟ္မပါရိသဇ္ဇာ’ = မဟာဗြဟ္မာကြီး၏ အခြံအရံ ဗြဟ္မာများ၏ ဌာန
‘ဗြဟ္မပုရောဟိတာ’ = မဟာဗြဟ္မာကြီး၏ အမှုကိစ္စတို့ကို ရှေ့ဆောင် စီမံတတ်သော ဗြဟ္မာများ၏ ဌာန
‘မဟာဗြဟ္မာ’ = ဗြဟ္မာမင်းကြီးများ၏ ဌာန
ဤသုံးဘုံမှာ တပြင်တည်း၌ တည်ရှိပြီး ပထမဈာန်ရသော ဗြဟ္မာများ၏ အရပ်ဌာန ဖြစ်၏။
ဒုတိယဈာန် ၃-ဘုံ
‘ပရိတ္တာဘာ’ = နည်းသော အရောင်အလင်းရှိသော ဗြဟ္မာများ၏ ဌာန
‘အပ္ပမာဏာဘာ’ = များသော အရောင်အလင်းရှိသော ဗြဟ္မာများ၏ ဌာန
‘အာဘဿရာ’ = ပိုမို တောက်ပြောင်သော ဗြဟ္မာများ၏ ဌာန
ဤသုံးဘုံမှာလည်း တပြင်တည်းရှိပြီး ဒုတိယဈာန်ရသော ဗြဟ္မာများ၏ အရပ်ဌာန ဖြစ်၏။
တတိယဈာန် ၃-ဘုံ
‘ပရိတ္တသုဘာ’ = နည်းသော တင့်တယ်သော အရောင်အလင်းရှိသော ဗြဟ္မာများ၏ ဌာန
‘အပ္ပမာဏသုဘာ’ = များသော တင့်တယ်သော အရောင်အလင်းရှိသော ဗြဟ္မာများ၏ ဌာန
‘သုဘကိဏှာ’ = အမျိုးမျိုးရောပြွမ်းသော တင့်တယ်သော အရောင်အလင်းရှိသော ဗြဟ္မာများ၏ ဌာန
စတုတ္တဈာန်ဘုံ ၇-ဘုံ
‘ဝေဟပ္ဖိုလ်ဘုံ’၊ ‘အသညသတ်ဘုံ’၊
‘အဝိဟာဘုံ’၊ ‘အတပ္ပါဘုံ’၊ ‘သုဒဿာဘုံ’၊ ‘သုဒဿီဘုံ’၊ ‘အကနိဋ္ဌဘုံ’ ဟူ၍ စတုတ္ထဈာန် ၇-ဘုံ ရှိ၏။
ဝေဟပ္ဖိုလ်ဘုံ = ပြန့်ပြောကြီးမားသောအကျိုးရှိသော ဗြဟ္မာကြီးများ၏ ဌာန
အသညသတ်ဘုံ = စိတ်, စေတသိက်တို့ မရှိဘဲ ရုပ်ခန္ဓာကြီးသာရှိသော ဗြဟ္မာကြီးများ၏ ဌာန
ဤဝေဟပ္ဖိုလ်ဘုံနှင့် အသညသတ်ဘုံတို့မှာ တပြင်တည်း ရှိ၏။
အဝိဟာဘုံ = မိမိတို့ဘုံဌာနကို ခေတ္တခဏဖြင့် မစွန့်ကြဘဲ ကမ္ဘာပေါင်းများစွာကြာအောင် တည်နေသော ဗြဟ္မာကြီးများ၏ ဌာန
အတပ္ပါဘုံ = မည်သည့်အကြောင်းကြောင့်မျှ မပူပန်ရဘဲ အလွန်အေးမြသော ဗြဟ္မာကြီးများ၏ ဌာန
သုဒဿာဘုံ = အလွန်လှပတင့်တယ်ကြသဖြင့် ချမ်းသာစွာ ရှုစားအပ်သော (ကြည့်ချင်ဖွယ်အလွန်ကောင်းသော) ဗြဟ္မာကြီးများ၏ ဌာန
သုဒဿီဘုံ = သူတစ်ပါးကို ပကတိစက္ခု၊ ပညာစက္ခုတို့ဖြင့် ကောင်းကောင်းမွန်မွန် ရှုစားတတ်သော ဗြဟ္မာကြီးများ၏ ဌာန
အကနိဋ္ဌဘုံ = စည်းစိမ်ချမ်းသာ လွန်စွာကြီးသဖြင့် မည်သည့်ဘက်ကမဆို သေးငယ်သောသဘော မရှိကြ၊ အထက်တန်းကျသော ဗြဟ္မာကြီးများ၏ ဌာန
ဤအဝိဟာဘုံမှ အကနိဋ္ဌဘုံ ၅-ဘုံကို စင်ကြယ်သော ပုဂ္ဂိုလ်များ၏နေရာ သုဒ္ဓါဝါသ ၅-ဘုံဟု ခေါ်၏။ အနာဂါမ်ပုဂ္ဂိုလ်များမှ ဤဘုံများတွင် ဖြစ်၏။
အရူပါဝစရဘုံ (၄)
ရူပါဝစရဘုံအထက်၌ ‘အာကာသာနဉ္စာယတနဘုံ’၊ ‘ဝိညာဏဉ္စာယတနဘုံ’၊ ‘အာကိဉ္စညာယတနဘုံ’၊ ‘နေဝသညာနာသညာယတနဘုံ’ အရူပါဝစရ ၄-ဘုံ ရှိ၏။
အာကာသာနဉ္စာယတနဘုံ = အာကာသာနဉ္စာယတန ဝိပါက်စိတ် စေတသိက်ဖြင့် ပဋိသေန္ဓေတည်နေလျက်
အဆက်ဆက်ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ ကောင်းကင်ပြင်။
ဝိညာဏဉ္စာယတနဘုံ = ဝိညာဏဉ္စယတန ဝိပါက်စိတ် စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက် အဆက်ဆက်ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ ကောင်းကင်ပြင်။
အာကိဉ္စညာယတနဘုံ = အာကိဉ္စညာယတန ဝိပါက်စိတ် စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက်
အဆက်ဆက်ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ ကောင်းကင်ပြင်။
နေဝသညာနာသညာယတနဘုံ = နေဝသညာနာသညာယတန ဝိပါက်စိတ် စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက်
အဆက်ဆက်ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ ကောင်းကင်ပြင်။
သက်တမ်း
အပါယ်ဘုံ၊ လူ့ဘုံ၊ ဘုမ္မစိုးနတ်တို့မှာ သက်တမ်း မမြဲ။
အပါယ်ဘုံ၌ အကုသိုလ်ရှိသလောက် ခံကြရ၏။
လူ့တို့၏ သက်တမ်းမှာ ကျမ်းဂန်များအရ ၁၀-နှစ်တမ်းမှ အသင်္ချေယျတမ်း တက်လိုက် ကျလိုက် သွားနေ၏။
ဘုမ္မစိုးနတ်ကြီးများမှာ အချို့ အလွန် အသက်ရှည်၏။ အချို့ မရှည်။ သက်တမ်း မမြဲ။
စတုမဟာရာဇ်ဘုံမှာ နတ်သက် ၅၀၀၊ လူသက် ၉-သန်း။
အထက်နတ်ဘုံများသို့ နတ်သက် ၂-ဆ၊ လူသက် ၄-ဆစီ တက်သွားသဖြင့် -
တာဝတိံသာဘုံမှာ နတ်သက် ၁၀၀၀၊ လူသက် ၃၆-သန်း၊
ယာမာဘုံမှာ နတ်သက် ၂၀၀၀၊ လူသက် ၁၄၄-သန်း၊
တုသိတာဘုံမှာ နတ်သက် ၄၀၀၀၊ လူသက် ၇၅၆-သန်း၊
နိမ္မာနရတိဘုံမှာ နတ်သက် ၈၀၀၀၊ လူသက် ၂၃၀၄-သန်း၊
ပရနိမ္မိတဝသဝတ္တီဘုံမှာ နတ်သက် ၁၆၀၀၀၊ လူသက် ၉၂၁၆-သန်း ဖြစ်၏။
အထက်ဘုံ – ဗြဟ္မာ ၂၀။
အလယ်ဘုံ – နတ်ပြည် ၆ ထပ်၊ လူ့ဘုံ တစ်ဘုံ။
အောက်ဘုံ – အပါယ်လေးဘုံ။
ကုသိုလ်ကြောင့် လူဘ၀ရောက်လာရင် သံသရာအဆက်ဆက်က ပြုလုပ်ခဲ့တဲ့ ကုသိုလ်တွေပါ
ပေါင်းပြီးအကျိုးပေးသလို (ရေများရေနိုင်) အကုသိုလ်ကြောင့်
အပါယ်ဘုံရောက်ရင်လည်း သံသရာအဆက်ဆက်ကပြုလုပ်ခဲ့တဲ့ အကုသိုလ်တွေပါ
ပေါင်းပြီးအကျိုးပေးပါတယ်။ (မီးများမီးနိုင်)
အထက်ဘုံ (ဗြဟ္မာ)
ပထမဈာန် ၃ ဘုံ သက်တမ်း
ဗြဟ္မပါရိသဇ္ဇာ ၀ိဝဋ္ဋဌာယီ အသချေီယကပ် ၁/၃
ဗြဟ္မပုရောဟိတာ ၂/၃
မဟာဗြဟ္မာ ၁
ဒုတိယဈာန် ၃ဘုံ
ပရိတ္တာဘာ ၂ ကမ္ဘာ
အပ္ပမာဏာဘာ ၄ ကမ္ဘာ
အီဘဿရာ ၈ ကမ္ဘာ
တတိယဈာန် ၃ ဘုံ
ပရိတ္တသုဘာ ၁၆ ကမ္ဘာ
အပ္ပမာဏသုဘာ ၃၂ ကမ္ဘာ
သုဘကိဏှာ ၆၄ ကမ္ဘာ
စတုတ္ထဈာန် ၃ ဘုံ
ဝေဟပ္ပိုလ် ၅၀၀ ကမ္ဘာ
အသညသတ် ၁၀၀၀ ကမ္ဘာ
အ၀ိဟာ ၁၀၀၀ ကမ္ဘာ
အာတပ္ပါ ၂၀၀၀ ကမ္ဘာ
သုဒဿာ ၄၀၀၀ ကမ္ဘာ
သုဒဿီ ၈၀၀၀ ကမ္ဘာ
အကနိဋ္ဌ ၁၆၀၀၀ ကမ္ဘာ
အရူပဗြဟ္မာ ၄ ဘုံ
အာကာသာ နဉ္စာယတန ၂၀၀၀၀ ကမ္ဘာ
ဝိညာဏဉ္စယတန ၄၀၀၀၀ ကမ္ဘာ
အာကိဉ္စညာယတန ၆၀၀၀၀ ကမ္ဘာ
နေ၀သညာနာသ ညာယတန ၈၄၀၀၀ ကမ္ဘာ
အလယ်ဘုံ
နတ်ပြည် ၆ ထပ်
စတုမဟာရာဇ် အနှစ်ကိုးသန်း အသက်ရှည်ပါတယ်။ (၁ ရက်=လူနှစ် ၅၀ ညီမျှ၏။)
တာဝတိံသာ နှစ်ပေါင်းသုံးကုဋေနဲ့ ခြောက်သန်း။ (၁ရက်= လူနှစ် ၁၀၀ ညီမျှ၏)
ယာမာ နှစ်ပေါင်း တစ်ဆယ့်လေးကုဋေနဲ့ လေးသန်း။
(၁ ရက်= လူနှစ် ၂၀၀ ညီမျှ၏။)
တုသိတာ နှစ်ပေါင်း ငါးဆယ်ခုနှစ်ကုဋေနဲ့ ခြောက်သန်း။
(၁ ရက်=လူနှစ်၄၀၀ နှစ် ညီမျှ၏။)
နိမ္မာနရတိ နှစ်ပေါင်း နှစ်ရာ့သုံးဆယ်ကုဋေနဲ့လေးသန်း။
(၁ ရက်= လူ နှစ် ၈၀၀ နှစ်)
ပရနိမ္မိတ၀သ၀တ္တိ နှစ်ပေါင်း ကိုးရာနှစ်ဆယ့်တစ်ကုဋေနဲ့ ခြောက်သန်း။
(၁ ရက်= လူ နှစ် ၁၆၀၀ ညီမျှ၏။)
လူ့ဘုံ ဒါန၊ သီလ၊ ပညာတည်းဟူသော ကုသိုလ်တရားပြုလုပ်နိုင်သော
တစ်ခုတည်းသောဘုံ။
အပါယ်လေးဘုံ
ငရဲ – ၈ ထပ် ရှိပါတယ်။ တစ်ထပ်ချင်းစီမှာ အရံငရဲငယ် (၅)ထပ် ခြံရံပါသေးတယ်။ ဘင်၊ ပြာ၊ လက်၊ သန်၊ ကြိမ် ပတ်ရံတွေပါပဲ။
ဘင် ဆိုတာ ဘင်ပုပ်ငရဲ။
အညစ်အကြေးတွေ ပိုးလောက်တွေ အပြည့်ရှိနေပါတယ်။ ညစ်ညမ်းတဲ့အနံ့တွေလည်း ရှုရတယ်။
အဲ့ဒီထဲကျသွားရင် အဲ့ဒီမှာရှိတဲ့ ပိုးလောက်တွေက အသားတွေ ကလီစာတွေ
ထိုးဖောက်စားကြပြီး သေလည်း မသေရပါဘူး။ အကုသိုလ်ကံတွေကြောင့် ခံနေရတာပါ။
ပြာ ဆိုတာ ပြာပူငရဲ။
အဲ့ဒီပြာထဲထည့်လိုက်ရင် ခန္ဓာကိုယ်က ကြေသွားတာပါတယ်။
လက် ဆိုတာ လက်ပံတော်ငရဲ။
လက်ပံတောမှာ အပင်ကြီးတွေရှိပါတယ်။ အပင်အောက်ထိုင်တာနဲ့ အပေါ်ကလက်ပံပွင့်ရဲ့အပွင့်တွေ၊
အရွက်တွေ၊ အသီးတွေဟာ ဓားတွေ၊ လှံတွေ၊ ပေါက်စိန်တွေ လက်နက်ချည်းတွေဖြစ်ပြီး
လက်တွေ၊ ခြေတွေ၊ ခေါင်းတွေ ပြတ်ခံရတာပါတယ်။
သန် ဆိုတာ သန်လျက်ရွက်တော ငရဲ။
သန်လျက်ရွက်တောက အရွက်တွေစိမ်းလို့နေပါတယ်။ ဒီတောထဲတိုးသွားတဲ့ငရဲသားတွေရဲ့ လက်တွေ၊ ခြေတွေကို ဖြတ်ပစ်တာပါပဲ။
ကြိမ် ဆိုတာ ကြိမ်ပိုက်ချောင်း ငရဲ။
အဲ့ဒီချောင်းထဲမှာ ကြိမ်တွေရှိပါတယ်။ ရေဆာတယ်ဆိုရင် အဲ့ဒီကြိမ်ပိုက်ချောင်းထဲ
ပစ်ချလိုက်တာပါပဲ။ အဲ့ဒီကြိမ်တွေကလည်း လက်ထိလက်ပြတ်၊
ခေါင်းထိခေါင်းပြတ်ပါပဲ။ ပြတ်လည်း မသေရ။ အသစ်ပြန်ဖြစ် အသစ်ပြန်ခံရတာပါပဲ။
(အကုသိုလ်အကျိုးပေးများတော်တော်ကြောက်ဖို့ကောင်းစွ။)
၁) သဉ္ဇိုင်း ငရဲ အနှစ်ကိုးသန်း အသက်ရှည်ပါတယ်။ (၈ဆနဲ့ တစ်ထပ်ချင်းစီမြောက်သွားပါ။)
၂) ကာလသုတ် ငရဲ
၃) သံဃာတ ငရဲ
၎) ရောယုဝ ငရဲ
၅) မဟာရောယုဝ ငရဲ
၆) တာပန ငရဲ
၇) မဟာတာပန ငရဲ
၈) အ၀ီစိ ငရဲ
တစ်ထပ်နှင့် တစ်ထပ်သည် ယူဇနာတစ်သောင်းငါးထောင်စီဝေးပြီး အစဉ်လိုက်ရှိသည်။ တစ်ယူဇာသည်
ဆယ်မိုင်ခန့် တချို့ကတော့ ဆယ်သုံးမိုင်ရှိတယ်လို့ ဆိုပါတယ်။
တိရစ္ဆာန် စားခြင်း၊ အိပ်ခြင်း၊ ကာမဂုဏ်ခံစားခြင်း။
အသူရကာယ် ရောင့်ရဲခြင်းကင်းသည်။ နေ့စံ ညခံ၊ ညစံ နေ့ခံ စသည့် ပြိတ္တာများ။
ပြိတ္တာ သရဲ၊ မင်၊ ကျပ် စသည်။
moe kya shwe ko ဆိုဒ်မှကူးယူသည်။
ဗုဒ္ဓသားတော်(စိုးမင်းသူ)

วันจันทร์ที่ 29 สิงหาคม พ.ศ. 2559

မြတ်ဗုဒ္ဓ ဝါဆိုတော်မူရာ မြို့ရွာဒေသများ



                                


မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ - ခုနှစ်၊ ကဆုန်လပြည့်နေ့
သဗ္ဗညုတဥာဏ်ရှင် ဘုရားသခင်အဖြစ်သို့ ဆိုဒ်ရောက်တော်မူသည်မှ စ၍
အောက်ပါ မြို့ရွာဒေသများ၌ ၀ါကပ်တော်မူခဲ့ပါသည်။
(၁) ၀ါ - ဗာရာဏသီပြည်၊ ဣသိပတန မိဂဒါဝုန်တော၊
(၂၊ ၃၊ ၄) ၀ါ - ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်းတော်၊
(၅) ၀ါ - ဝေသာလီပြည်၊ မဟာဝုန်တော၊ ကုဋာဂါရ - သာလာကျောင်း
(၆) ၀ါ - မကုဠတောင်၊ ချရားတော၊
(၇) ၀ါ - တာဝတိံသာနတ်ပြည်၊
(၈) ၀ါ - ဘဂ္ဂတိုင်း၊ သံသုမာရဂီရိပြည်၊ ဘဂ္ဂသယ၊ ဇနပုတ်အနီး သေသကဠာ မိကဒါဝုန်တော၊
(၉) ၀ါ - ကောသမ္ဗီပြည်၊ ဃောသိတာရုံ၊ ကုက္ကုဋာရုံ၊ ပါဝါရိကာရုံကျောင်းများ၊
(၁၀) ၀ါ - ပါလိလေယျက တောအုပ်၊
(၁၁) ၀ါ - နာဠကပုဏ္ဏားရွာ၊ နာဠိကာရုံကျောင်း၊
(၁၂) ၀ါ - ဝေရဉ္ဇတိုင်း၊ နဠေရု တမာပင်ရင်း၊
(၁၃) ၀ါ - စာလိယတောင်၊
(၁၄) ၀ါ - သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း၊
(၁၅) ၀ါ - ကပိလ၀တ်ပြည်၊ နိဂြောဓာရုံကျောင်း၊
(၁၆) ၀ါ - အာဠ၀ီပြည်အနီး၊ မဟာဝုန်ကျောင်း၊
(၁၇) ၀ါ - ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်း၊
(၁၈) ၀ါ (၁၉) ၀ါ - စာလိယတောင်၊
(၂၀) ၀ါ - ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်း၊
(၂၁) ၀ါ မှ (၃၉) ၀ါ - သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း၊
(၄၀) ၀ါမှ (၄၄) ၀ါ - - သာဝတ္ထိပြည်၊ ပုဗ္ဗာရုံကျောင်း၊
(၄၅) ၀ါ - ဝေဠုဝရွာ။
ဗုဒ္ဓသားတော်(စိုးမင်းသူ)

**ပါလိလေယျက ဆင်မင်း**





တိရစ္ဆာန်ဘ၀မှသေလွန်ကာ နတ်ဘ၀သို့ ရသွားသော -----------------------------------------------------
"… ပါလိလေယျက ဆင်မင်း၏ အကြောင်း(ပထမပိုင်း)…"
-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-
သံဃာတော်များဂိုဏ်းကွဲခြင်း ------------------------------
မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ကောသမ္ဗီပြည်၌နေကုန်သော ရဟန်းတို့ ကို အကြောင်းတစ်ခု ပြုတော်မူသောအားဖြင့် ဤတရားတော်ကို ဟောတော်မူခဲ့၏။
ကောသမ္ဗီပြည် ဃောသက သူဌေးသည် (ဤ၀တ္ထုပါ ဃောသက သူဌေးသည်လည်းတိရစ္ဆာန်ဘ၀မှ နတ်ဘ၀သို ရောက်ရှိကာ လူ့ ဘ၀အဖြစ်၌သူဌေးကြီးဖြစ်ကာ မြတ်စွာဘုရားရှင်အားဃောသိတာရုံကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်းလာသူဖြစ်ပါသည်)ဆောက်လှူအပ်သော ဃောသိတာရုံကျောင်း၌ ငါးရာ ငါးရာစီ အခြံအရံရှိသော ၀ိနိယဓရ ရဟန်းတစ်ပါးနှင့်ဓမ္မကထိက ရဟန်းတစ်ပါးတို့ သည် ကိုယ်လက်သုတ်သင်ခြင်းပြုသော ရေအင်းပြင်၌သန် သက်ရေကြွင်းကို ဓမ္မကထိက ရဟန်းမှ ခွက်၌ထားရှိ ကြွင်းကျန်ရစ်သည်ကို အကြောင်းပြုကာ ထိုသို့ ခွက်အတွင်း၌ ရေကြွင်းထားရှိကျန်ရစ်လျှင် အာပတ်သင့်၏ဟု ၀ိနိယဓရ ရဟန်းမှ ပြောဆိုဆုံးမရာ ဓမ္မကထိကရဟန်းမှလည်း ထိုသို အာပတ်သင့်သည်ရှိသော် ကုစားပေအံ့ဟု လိုက်နာကျင့်ကြံ တော်မူ၏။
ဝိနိယဓရ ရဟန်းကလည်းအကယ်၍ကျူးလွန်လိုသော ၀ီတိက္ကမ စေတနာမရှိခဲ့ပဲ သတိလွတ်ကင်းမေ့လျော့ခြင်းကြောင် ပြုမိသည်ရှိသော် အာပတ်သည်မသင့်ဟု အယူရှိ၏ဆိုကာဖြေ ကြားလေ၏။
ကျောင်းတွင်းသို့ ရောက်သော် ၀ိနယဓရ ရဟန်းသည် သူ၏တပည့်တို့ အားထိုဓမ္မကထိကရဟန်းသည် အာပတ်သင့်သော ကိစ္စကိုပင် မသိဟုပြောပြလေ၏။
ထိုအခါ ၀ိနိယဓရ ရဟန်း၏တပည့်တို့ သည်လည်း ဓမ္မကထိကရဟန်း၏တပည့်တို့ ကိုတဆင့်ပြန်လည်၍သင်တို ၏ ဆရာသည် အာပတ်သို့ ရောက်သည်ကိုပင် အာပတ်သင့်သည်၏ အဖြစ်ကိုမသိဟု ဆိုကုန်ကြလေရာ မိမိတို ၏ ဆရာအားပြန်လည်လျှောက်ထား ကြလေကုန်၏။
ထိုအခါ ဓမ္မကထိကရဟန်းကလည်းဤ၀ိနိယဓရရဟန်းသည ရှေ့ ကပြောတော့ အာပတ်မသင့်ဟုဆိုသော်လည်းယခုမူ အာပတ်သင့်သည်ဟု ဆိုပြန်လေသည်။ထို့ ကြောင့် မဟုတ်မမှန် ချွတ်ယွင်းသော စကားကို ဆိုပြန်လေသည်ဟု ပြန်ပြောင်းပြောဆိုလေကာ ထိုဆရာရဟန်းတို့ ၏ တပည့်များအချင်းချင်းဂိုဏ်းကွဲကြလေကုန်၏။
ထိုအခါမှ အစပြု၍ထိုရဟန်းတို့ ၏အလုပ်အကျွေး ဖြစ်ကုန်သော ဒါယိကာတို့ သည်လည်းကောင်း၊ ထိုရဟန်းတို့ ၏ သြ၀ါဒကို ခံယူဆောက်တည်ကြကုန်သော ရဟန်းမိန်းမတို သည်လည်းကောင်း၊ ထိုသူတို့ ၏အစောင့်အရှောက် ဖြစ်ကုန်သော နတ်တို့ သည် လည်းကောင်း၊ ထိုနတ်တို ၏အဆွေခင်ပွန်းဖြစ်ကုန်သော စာတုမဟာရာဇ် နတ်တို့ ကို အစပြု၍ပုတုဇဉ်ဟူသမျှတို့သည် အထက်ဗြဟ္မာပြည်တိုင်အောင် ကွဲပြားကြလေကုန်၏။
ထိုသို့ ဗြဟ္မာ့ပြည်သို့  တိုင်အောင် ရောက်ရှိ၍သွားသော ကောလဟာလ အကွဲအပြဲကို မထင်ရှားသော တပါးသောရဟန်းသည် မြတ်စွာဘုရားရှင်၏ထံတော်ပါးသို ချဉ်းကပ်၍ပြန်ကြားလျှောက်ထားလေ၏။
ထိုအခါမြတ်စွာဘုရားရှင်သည် ထိုရဟန်းအားနှစ်ကြိမ်တိုင်တိုင် စေလွှတ်ကာ ချစ်သားရဟန်းများတို့ အချင်းချင်း ညီညွတ်ကြကုန်လော့ဟု မိန့် တော်မူ၏။သို့ သော် ညီညွတ်ခြင်းကို မမြင်မတွေ့ ရ၍သုံးကြိမ်မြောက် ၌ ဘုရားရှင်ကိုယ်တော်တိုင် ကြွသွားတော်မူကာ ငြင်းခုန်ခိုက်ရ န်ကို အမှီပြု၍ နှံစုတ်ငှက်မငယ်သည် ကြီးကျယ်သော ကာယဗလရှိသော ဆင်ပြောင်ကြီးကိုအသက်ကုန်ခြင်းသိ ရောက်စေဖူးသည်ဟုနှံစုတ်ငှက်မငယ်၏ဇာတ်ကို ဟောပြတော်မူ၏။
ထိုသို့ မှ မရသည်တွင် တဖန်ငြင်းခုန်ကွဲပြားခြင်းကို အမှီပြု၍ များစွာသောငုံးငှက်တို့ သည် အသက်ကုန်ခြင်းသိ ရောက်ခဲ့ဖူးကုန်သည်ဟု ငုံးမင်းဇာတ်တော်ကိုလည်း ဟောတော်မူလေ၏။
ထိုသို့ ဟောကြားမြွက်ဖော် ဟောတော်မူသော်လည်း မနာမယူကြသောကြောင့် နောက်ဆုံးအနေဖြင့်သူ၏ အလောင်းတော်ဘ၀ သူတော်ကောင်းတည်းဟူသော အဆုံးအမ သြ၀ါဒတို့ ဖြင့် သည်းခံခြင်းရှိသည်ဖြစ်၍ နှစ်ဌာနသော တိုင်းကြီးပြည်ကြီးတို့ ၏ချစ်ကြည်ဆက်ဆံ နိုင်ငံထီးနန်းကိုသိမ်းမြန်းအုပ်ချုပ်ရသောမင်းအဖြစ်သို ရောက်ခဲ့သေး၏ဟု ဒီဃာဝုမင်းသားဇာတ်တော်ကို ဟောတော်မူလေ၏။
ချစ်သားရဟန်းတို့ အမျက်ဒေါသ စသည်ဖြစ်ပွားရန်အများကို ပယ်ရှားစွန့် ပစ်လျှက် နှစ်သက်သောအားဖြင့် သည်းခံခြင်းတရားကို အားထုတ်ကြပါကုန်လော့။ အမျက်မလှန် သည်းခံခြင်းကို ရှေးရှုလျှက် ကြည်ဖြူနှစ်သက် စုံမက်သဖြင့် သင့်တင့်သောသမ္မာဆန္ဒ ရှိကြကုန်သဖြင့် တင့်တယ်စွာနေထို င်ကြကုန်လော့ဟု ထပ်မံ၍ဆုံးတော်မူ၏။
ပါလိလေယျကတောအုပ်သို့ တစ်ကိုယ်တည်းကြွသွားခြင်း ---------------------------------------------------------
ထိုသို့ မှဆုံးမတော်မူငြား ရတော်မမူလေသဖြင့်အလုံးစုံသော ရဟန်းသံဃာ များစွာသော တပည့်ပရိသတ်တို့ ကို ပယ်စွန် လျှက် တစ်ပါးတည်းသော ကိန်းအောင်းခြင်းငှာ ကောင်းစွာလျှောက်ပတ်တော်မူသေးဟု ဆင်ခြင်တော်မူ၍ ကောသမ္ဗီပြည်တွင်းသို့  ဆွမ်းခံလှည့်တော်မူပြီးလျှင် ရဟန်းအပေါင်းတို့ ကို ပန်ကြားတော်မမူတော့ပဲ ကိုယ်တော်မြတ်တစ်ပါးတည်းသာလျှင် မိမိ၏သပိတ်သင်္ကန်းတော်တို့ ကို ယူကာ ပါလိလေယျကရွာအနီးပါလိ လေယျက တောအုပ်သို့ ဝင်ကာအင်ကြင်းပင်ရင်း၌ သီတင်းသုံးတော်မူလေ၏။
ထိုတောအုပ်၌ ပါလိလေယျက ဆင်မင်းနှင့်တွေ့ တော်မူကာ အဖော်အပေါင်းနှင့်နေရသည်ငြား ငြီးငွေ့ သောကြောင့် အဖော်မပါ တစ်ကိုယ်တည်းလှည့်လည်သွားလာနေရာမှ ဆင်မင်းသည် မြတ်စွာဘုရားရှင်အားပြုစုလုပ်ကျွေးသူမပါရှိသည်ကို မြင်သိလေသဖြင့် မိမိသည်သာလျှင် ပြုစုလုပ်ကျွေးအံ့ဟု အင်ကြင်းပင်ရင်းမှအစ ထက်အောက်မကျန် မြေပြင်အခင်းအကျင်းကို သန် ရှင်းညီညွတ်စေလျှက် မြတ်စွာဘုရားအားကောင်းစွာစောင့် ရှောက်လေ၏။
ဆရာတော် အရှင်စန္ဒိမာ
"… ပါလိ လေယျက ဆင်မင်း၏ အကြောင်း …(ဒုတိယပိုင်း) …"
-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-
ပါလိလေယျက ဆင်မင်းသည်များစွာသော ဆင်အပေါင်းတို နှင့်နေရခြင်းကိုငြီးငွေ့ လှသောကြောင့် ထိုဆင်အပေါင်းတို့မှ ကြဉ်ရှောင်ပယ်ခွာလျှက် တစ်ကောင်တည်းသာလျှင် ထို ပါလိလေယျက တောအုပ်အတွင်း၌မွေ့ လျော်လည်ပတ်ကျက်စား၍နေကာ မြတ်စွာဘုရားရှင်သီတင်းသုံးရာအင် ကြင်းပင်ရင်းသို့ ချဉ်းကပ်လာ၍မြတ်စွာဘုရားရှင်ကို ကြည်လင်ကော်ရော်ပူဇော်ရှိခိုးပြီးထိုထိုဤဤ ထက်ဝန်းကျင်ကို ကြည့်ရှုသည်ရှိသော် လုပ်ကျွေးမည့်သူ ပုဂ္ဂိုလ်ဟူသမျှ တစ်စုံတစ်ယောက်မျှမပါသည်ကို သေချာထင်ထင် သိမြင်သောအခါမှ အကိုင်းအခက်အရွက်တို့  အထပ်ထပ်ဝေဆင့် သင့်တင့်ကောင်းမြတ်လှသော အင်ကြင်းပင်ကြီး၏အောက်ခြေဌာနမြေပြင်ကို ညီညာပြေပြစ်စေလျှင် နှာမောင်းဖြင့် သစ်ရွက်သစ်ခက်တို့ကို ချိုးဖြတ်ယူငင်ကာ မြတ်စွာဘုရားရှင်အတွက် သီတင်းသုံးရာအလို့ငှာ ကောင်းစွာတံမြက်လှဲ၍ ပေးရှာလေ၏။
ထိုအခါမှစ၍မြတ်စွာဘုရားရှင်အတွက် နှာမောင်းဖြင့် ရေအိုးကိုယူပြီးသောအခါ သောက်တော်ရေ သုံးတော်ရေတို ကိုလည်းတည်ထားပေး၏။မြတ်စွာဘုရားရှင်သည် ရေပူရေနွေးဖြင့်အလိုရှိတော်မူသည်ရှိသော် ရေပူရေနွေးရအောင်ထင်းသစ်တို့ ကို အချင်းချင်း ပွတ်တိုက်စေလျှက်မီးကိုဖြစ်စေကာ ထိုမီးဖိုအတွင်းသို့  ကျောက်ခဲတုံးတို့ကို ထည့်ကာမီးဖုတ်လျှက် ရေအိုင်ငယ်တစ်ခု သို့  လှိမ့်ယူချကာ ရေပူရေနွေးရအောင်ဖန်တီး၍လှူဒါန်း တော်မူလေ၏။
ထို့ အပြင်တောတွင်းသို့လှည့်လည်ကာ ချိုမြိန်ကောင်းမွန်သော သစ်သီးကြီးငယ် အသွယ်သွယ်တို့ ကိုလည်းရှာဖွေယူဆောင်လျှက် မြတ်စွာဘုရားရှင်အားပေးလှူဆက်ကပ်သေး၏။ မြတ်စွာဘုရားရှင်သည် တောမှနေ၍ ၇ွာအတွင်းသို့ဆွမ်းခံ ကြွလျှင်လည်း မြတ်စွာဘုရားရှင်၏သပိတ်သင်္ကန်းတော်တို ကိုယူ၍ မိမိ၏ဦးကင်းထက်၌တင်ထားတော်မူလျှက် ဘုရားရှင်နှင့် ထက်ကြပ်မကွာ အတူသာလျှင် လိုက်သေး၏။ ရွာ၏ဥပစာသို့ ရောက်သောအခါမှသာလျှင် မြတ်စွာဘုရားရှင်က နေရစ်ဟူ၍ထားခဲ့သော နေရာမှပင် စောင့်ကာ ဆွမ်းခံအပြီး မြတ်စွာဘုရားရှင်ပြန်အလာ၌ သပိတ်သင်္ကန်းတို့ အား ယူဆောင်သယ်ပိုးကာ တောအုပ်အတွင်းသို့ အတူပြန်ဝင်လေ၏။
တောအုပ်အတွင်းရှိမြတ်စွာဘုရားသီတင်းသုံးတော်မူရာ နေရာသို့ ပြန်လည်ရောက်ရှိလျှင်လည်း မိမိသယ်ဆောက်လာခဲသော မြတ်စွာဘုရားရှင်၏သပိတ်သင်္ကန်းတို့ ကို ချထားပြီးလျှင် ၀တ်ကြီးဝတ်ငယ် ပြုဖွယ်ဟူသမျှ တံမြက်လှဲခြင်းမှအစ သစ်ခက်ဖြင့်ပင် မြတ်စွာဘုရားရှင်အားယပ်ခတ်၍ပင် ပေးလေသေး၏။
ညဥ့်ကာလသို့ ရောက်သော် သားရဲစသောဘေးရန်တို့ မှ ကာကွယ်လျှက်မိုးသောက်ရောက်အောင် လှည့်လည်စောင့်ေ ရှာက်၏။ထိုအခါကာလမှစ၍၎င်းတောအုပ်ကို ပါလိလေယျကဆင်မင်းစောင့်ရှောက်အပ်သောကြောင့် ပါလိလေယျကရက္ခိတ တောအုပ်ဟု အမည်တွင်လေ၏။
နေအရုဏ်မိုးသောက်သို့  ကျရောက်သောကာလ မျက်နှာသစ်တော်ရေကိုအစပြု၍ ပြုသင့်ပြုထိုက်သော ၀တ်ကြီးဝတ်ငယ် အသွယ်သွယ်တို့ ကို တစ်စမကျန်အမှန်အမြဲ ပြုစုပေးလေ၏။
ဆင်မင်းကို အတုယူသော မျောက်ကလေး ------------------------------------------
မျောက်သည်လည်းမြတ်စွာဘုရားအားပူဇော်ခြင်း ------------------------------------------------
ထိုမှနောက် တရံရောအခါ ၎င်းတောအုပ်အတွင်း၌ ကျင်လည်ကျက်စားသွားလာလျှက်ရှိသော မျောက်တစ်ကောင်သည် ပါလိလေယျကဆင်၏ မြတ်စွာဘုရားရှင်အပေါ်ကြည်လင်မပြတ်ဆည်းကပ်ခစား ပြုစုလုပ်ကျွေးနေသည်ကို မြင်သောကြောင့် ငါသည်လည်း တစ်စုံတစ်ခုသော အမှုကိစ္စပြုဖွယ်ရှိလျှင်ပြုအံ့ဟု အကြံရလျှက် တောတွင်းမှ ပျားကောင်မရှိသော ပျားတံတစ်ခုကို တွေ့ မြင်၍ လျှင်မြန်စွာချိုးယူပြီးလျှင် အတံနှင့်တကွသော ပျားအုံကို မြတ်စွာဘုရားရှင်၏ထံတော်သို ယူဆောင်ကာ ငှက်ပျောရွက်ကို ဖြန့် ခင်းလျှက် ပေးလှူဆက်ကပ်လေ၏။
မြတ်စွာဘုရားရှင်သည်လည်းကောင်းစွာအလှူခံတော်မူ၏။ မျောက်သည်လည်းသူဆက်ကပ်လိုက်သော အရာကို မြတ်စွာဘုရားရှင်ဘုန်းပေးသုံးဆောင်တော်မူသလော၊ မသုံးဆောင်ပဲနေမည်လောဟူ၍ကြည့်ရှု၍နေသည်ရှိသော် မြတ်စွာဘုရားသည်ဘုန်းပေးသုံးဆောင်တော်မမူပဲ ကိုင်ကြည့်၍သာ နေသည်ရှိသော်အကြောင်းမည်သို ရှိသောကြောင့် မြတ်စွာဘုရားသည်ဘုန်းပေးသုံးဆော င်တော်မမူလေသနည်းဟု တွေးတောဆင်ခြင်လျှက် ပျားတံ၏ အစွန်းကို ကြည့်ရှုစူးစမ်းသော် ပျားဥတို့ ကို မြင်လေ၍ ထိုပျားဥတို့ ကိုတဖြည်းဖြည်းဖယ်ကာရှားပြီးသော်မှ နောက်တစ်ဖန်ပြန်လည်ဆက်ကပ် လှူဒါန်လေ၏။
ထိုမှသာ မြတ်စွာဘုရားရှင်သည် ကောင်းစွာဘုန်းပေး သုံးဆောင်တော်မူလေ၏။
ထိုမျောက်သည် မြတ်စွာဘုရားရှင်ဘုန်းပေးသုံးဆောင်တော်မူ သည်ကိုမြင်လျှင်နှစ်သက်ကြည်လင်အလွန်ရွှင်ပြသော စိတ်ရှိသည်ဖြစ်၍သစ်ပင်တို့ အထက်သို ပေးတက်ပျော်ပါး သစ်ကိုင်းတို့ အား လွှဲကာကစားလျှက် ကခုန်မြူးထူးလေသည်။
ထိုသို့ ဖြင့် ပျော်ရွှင်ခြင်းအတိ သဒ္ဓါပီတိတို့ ဖြင့် တည်နေစဉ်အတွင်းမျောက်သည် ဆွဲသောသစ်ကိုင်း သည်လည်းကောင်း၊ နင်းမိလေသော သစ်ခက်တို သည်လည်းကောင်းကျိုးပြတ်ကာကျလေသဖြင့် အောက်မြေပြင်တွင်ရှိသော တစ်ခုသောသစ်ငုတ်တစ်ခုထက် ၌ ထုတ်ချင်းပေါက်လျှက် ဖောက်ထွင်းကာကျ၍ မြတ်စွာဘုရားရှင်အပေါ်ကြည်လင်နှစ်သက်သော စိတ်ဖြင့်ပင် သေလွန်လေ၏။
ထိုသို့ သေလွန်ပြီးလျှင်ချက်ချင်းပင် တာဝတိံသာ နတ်ပြည်၌ ယူဇနာသုံးဆယ်ကျယ်ပြန့် သော ရွှေဗိမာန်တော်ကြီး၌ နတ်သမီးတစ်ထောင် အရံရှိသော မက္ကဋ နတ်သားအမည်ဖြင့် ဖြစ်လေ၏။
မြတ်စွာဘုရာရှင်သည် ထိုတောအုပ်၌ ပါလိလေယျက ဆင်မင်းသည် လုပ်ကျွေးပြုစုအပ်သဖြင့် ၀ါတွင်းသုံးလ ကာလပတ်လုံးသီတင်းသုံး၍နေတော်မူသော အဖြစ်သည် အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်း၌ကျော်စောထင်ရှားခြင်း ဖြစ်လေသည်။
ဆရာတော် အရှင်စန္ဒိမာ —
"...ပါလိလေယျကဆင်မင်းအကြောင်း ….(တတိယပိုင်း)..." -.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.--.-.-
ထိုသို့ သော ၀ါတွင်းကာလပတ်လုံးကောသမ္ဗီပြည်၌ မြတ်စွာဘုရားရှင်ကို မဖူးမမြင်ရသော တပည့်ဒါယိကာ အပေါင်းတို့ သည်မညီမညွတ်မသင့်မတင့်သော ရဟန်းတော်တို့ အား နှစ်ဦးနှစ်ဝါဒမကွဲပြားပဲ မြတ်စွာဘုရားရှင်၏ အဆုံးအမကို နာယူလက်ခံကာ ပြေပြစ်ကြစေကြောင်း ၀ိုင်းဝန်းလျှောက်ထားကြလေ၏။
တပည့်ဒါယိကာအပေါင်းတို့ နှင့် သံဃာတော်အပေါင်းတို့ ၏ လျှောက်ထားချက်ဖြင့် အရှင်အာနန္ဒာမထေရ်သည်ပါလိလေယျကတောအုပ်အတွင်းသို့ ဝင်ကာ မြတ်စွာဘုရားရှင်အားပြန်လည်ပင့်ဆောင်တော်မူလေ၏။
မြတ်စွာဘုရားရှင်သည် အချင်းချင်း ပြန်လည်သင့်မြတ်ကာ သာသနာ့တာဝန်များကို အတူထမ်းကြမည့် ရှင်အာနန္ဒာဦးဆောင်ကာ လာရောက်ပင့်ဆောင်တော်မူကြကုန်သော သံဃာတော်ငါးရာတို့အားနာဂ၀ဂ်လာ သုံးဂါထာသော တရားကို ဟောတော်မူလျှင် ထိုငါးရာမျှသော ရဟန်းတို့ သည် အရဟတ္တဖိုလ်၌တည်တော်မူကြလေကုန်၏။
ပါလိလေယျကဆင်မင်းသည် မြတ်စွာဘုရားရှင်အား ပြန်လည်၍ပင့်ဆောင်ရန်လာရောက်ခဲ့ကြသော အရှင်အာနန္ဒာမထေရ်နှင့်တကွ သံဃာတော်မြတ် ရဟန္တာငါးရာအား သစ်သီးသစ်ဥ ရေချိုတို့ ဖြင့် ဆက်ကပ်လှူဒါန်းခွင့်ရလေ၏။တကယ်တမ်းမြတ်စွာဘုရားရှင်အားအရှင်အာနန္ဒာမထေရ်မြတ်နှင့် ရဟန္တာငါးရာတို့ မှ ပြန်လည်ပင့်ဆောင်သွားမည်ဟု သိရသောအခါပါလိလေယျက ဆင်မင်းခမျာ ၀မ်းနည်းပူဆွေးရရှာလေသည်။
မြတ်စွာဘုရားရှင်ပြန်လည်ကြွတော်မူမည့် လမ်းတွင်မိမိကိုယ်ကို ကန့် လန့် ကာ၍တားဆီးလျှက် ရပ်တည်ကာနေလေ၏။ထို နောက်မြတ်စွာဘုရားရှင်က ပါလိလေယျက အသင်သည်ဤဘ၀ ဤခန္ဓာဖြင့် ဈာန်ဝိပဿနာ မဂ်ဖိုလ်ကျေးဇူးကို အထူးခံစားထိုက်သော သဘောမရှိ။သို ဖြစ်၍အသင်သည်ငါဘုရားအားမဟန့်မတားပဲ ဤတောအုပ်အတွင်း၌ပင် နေရစ်ခဲ့လေတော့ဟုမိန် မှာတော်မူကာ ထားရစ်၏။
ပါလိလေယျကဆင်မင်းသည်လည်းမြတ်စွာဘုရားရှင်၏ စကားကိုကြားလေလျှင် နှာမောင်းကို မိမိခံတွင်းဝယ်သွင်းလျှက် စိုးရိမ်ပူဆွေးငိုကြွေးကာ မြတ်စွာဘုရားရှင်နှင့် ညီတော်အာနန္ဒာ ဦးဆောင်လျှက် ပြန်လည်ကြွချီတော်မူသွားသည့် ရဟန္တာအရှင်သူမြတ်ငါးရာတို့ အား လှမ်းမျှော်ကြည့်ရင်း မမြင်နိုင်တော့သောအခါမှ ပြင်းစွာသော ဝေဒနာသောက အားကြီးစွာ နှိပ်စက်လေသဖြင့်ထိုခဏ၌ပင်လျှင် ရင်ကွဲနာကျ၍ စုတိပြောင်းကြွေ သေလွန်ရရှာလေသည်။
မြတ်စွာဘုရားရှင်အားကြည်ညိုသော သဒ္ဒါတရားကြောင့် ဆင်မင်းသည် တာဝတိံသာနတ်ပြည်၌ ယူဇနာသုံးဆယ် အကျယ်ရှိသော ရွှေဗိမာန်ကြီးတွင် နတ်သမီးတစ်ထောင် ခြံရံအပ်သော တင့်တယ်မြင့်မြတ်သည့် နတ်သားအဖြစ်ကို ရတော်မူလေသည်။ဆင်ဘ၀မှ ပြောင်းကြွလွန်ငြား ထိုနတ်သားအားပါလိလေယျက နတ်သားဟုသာ အမည်တွင်လေသည်။
ဆရာတော် အရှင်စန္ဒိမာ —
ထက်ခေါင်ဝက်ဆိုဒ်မှကူယူသည်။
ဗုဒ္ဓသားတော်(စိုးမင်းသူ)